top of page
  • Writer's picturePun Hlaing Estate

Covid-19 ရောဂါပိုးနှင့်စပ်လျဉ်း၍ ပြည်သူလူထုအား အသိပေးထုတ်ပြန်ကြေညာချက် (အဆင့် ၂)



လေးစားအပ်ပါသော ပန်းလှိုင်အိမ်ရာဝင်းအတွင်း နေထိုင်သူများ ခင်ဗျာ

COVID 19 နှင့် ပတ်သက်၍ ၂၀၂၀ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တွင်နောက်ဆုံးထုတ်ပြန်ချက်အရ လုပ်ဆောင်သွားမည့် ကြိုတင်ပြင်ဆင်မှုများ၊ လုပ်ငန်းစဉ်များကို ထပ်မံအသိပေး ကြေညာလိုက်ပါသည်။

COVID 19 ဗိုင်းရပ်စ်ကူးစက်မှု တိုးပွားလာသည်နှင့်အမျှ ရောဂါကူးစက်မှုကို ထိန်းချုပ်တားဆီးနိုင်ရန် လူအချင်းချင်း ခပ်ခွာခွာနေထိုင်သွားလာအောင် လုပ်ငန်းစဉ်များကို ရန်ကုန်တိုင်း အစိုးရမှ တိုးမြှင့်လုပ်ဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံအနှံ့နှင့် ရန်ကုန်မြို့အတွင်းရှိ အများပြည်သူဆိုင်ရာနေရာများနှင့် ပုဂ္ဂလိပိုင်နေရာများတွင် သွားလာလှုပ်ရှားမှုများကို ကန့်သတ်လျော့ချရန် ညွှန်ကြားချက်များ ပေးလျက်ရှိသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေနှင့်လည်း အိမ်ရာဝင်းအတွင်းတွင် အဆင့် ၂ လုပ်ငန်းစဉ်များကို စတင်အကောင်အထည်ဖော် လုပ်ဆောင်သွားမည် ဖြစ်သည်။

အောက်ဖော်ပြပါများသည် ရန်ကုန်တိုင်းအစိုးရထံမှ လမ်းညွှန်ချက်များဖြစ်သည်။

အိမ်ရာဝင်းအတွင်း

တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေ၍ သွားလာမှုများကို ‌လုပ်ဆောင်နိုင်သော်လည်း ကျွန်ုပ်တို့အနေဖြင့် ကျန်းမာရေးဆိုင်ရာ ကိုယ်လက်လှုပ်ရှားမှုများနှင့် အခြေခံလိုအပ်ချက်များ ရှိမှသာလျှင် သွားလာကြရန် အကြံပြုလိုပါသည်။

အိမ်ရာပြင်ပ

သင့်အနေဖြင့် အောက်ပါအချက်များနှင့် ကိုက်ညီမှသာလျှင် အိမ်ရာပြင်ပသို့ သွားလာမှုများ ပြုလုပ်သင့်ပါသည်။

၁။ ကျန်းမာရေး - အရေးပေါ် ကျန်းမာရေး လိုအပ်ချက်ကြောင့် ဆေးရုံ၊ ဆေးခန်း သွားရန်။

၂။ အစားအစာ - လိုအပ်သော စားသောက်ကုန် ဝယ်ယူရန်။

ရန်ကုန်တိုင်းအစိုးရ၏ ညွှန်ကြားချက်အတိုင်း ပန်းလှိုင်အိမ်ရာသည် ၂၀၂၀ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့မှစ၍ နောက်ထပ် ကြေညာချက် မထုတ်ပြန်မှီအချိန်အထိ အောက်ဖော်ပြပါ အဆင့် ၂ လုပ်ဆောင်ချက်များကို ဆောင်ရွက်သွားမည် ဖြစ်သည်။

· အိမ်ရာဝင်းအတွင်းနေထိုင်သူများ၊ ဝန်ထမ်းများအားလုံး အမည်စာရင်းပေးသွင်းရမည်ဖြစ်သည်။

· အိမ်ရာဝင်းကို အရေးပေါ် စီမံခန့်ခွဲရေးအဖွဲ့ဖြင့် အခြေခံဝန်ဆောင်မှုများဖြစ်သော - (စွန့်ပစ်ပစ္စည်း သိမ်းဆည်းမှု၊ လျှပ်စစ်ပေးဆောင်မှု၊ ရေပေး‌‌‌‌‌ဝေမှု၊ customer support၊ လုံခြုံရေး) အစရှိသည်တို့ကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

· အိမ်ရာဝင်းအတွင်းတွင် လုံခြုံရေးကို အပြည့်အဝ ထားရှိသွားမည် ဖြစ်သည်။

· Country Store ကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

· ရေကူးကန်၊ တင်းနစ်ကွင်းနှင့် Gym ကို ဆက်လက်ဖွင့်လှစ်ထားမည် ဖြစ်သည်။

· ဆောက်လုပ်ရေး လုပ်ငန်းများကို ရပ်နားထားမည် ဖြစ်သည်။

· ‌ဂေါက်ကွင်းကို ဆက်လက်ဖွင့်လှစ်သွားမည် ဖြစ်သော်လည်း အချို့သော ဝန်ဆောင်မှုများကိုသာ ရရှိမည်ဖြစ်သည်။

· Horizons and Oasis စားသောက်ဆိုင်များတွင် ဆိုင်အတွင်းစားသောက်ရန် ခွင့်မပြုသော်လည်း ပါဆယ်ဝယ်ယူနိုင်သည်။

· The Campus ကို ပိတ်ထားမည် ဖြစ်ပြီး ဝန်ထမ်းများအားလုံး နေအိမ်မှနေ၍ အလုပ်လုပ်ကြပါမည်။ Yoma Group ၏ COVID-19 စီမံခန့်ခွဲမှု အဖွဲ့သာလျှင် လုပ်ငန်းဆောင်တာများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်သည်။

အထက်တွင်ဖော်ပြသွားသော လုပ်ဆောင်မှုများ အပြင် ကျွန်ုပ်တို့အနေနှင့် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များကို လည်းပြုလုပ်ထားပြီးဖြစ်ကြောင်း အသိပေးလိုပါသည်။

· အိမ်ရာဝင်းအတွင်းရှိ ပွဲအစီအစဉ်များအားလုံးကို ရွှေ့ဆိုင်းခြင်း။

· Dulwich College Yangon ကိုပိတ်ခြင်း။

· Spa ပိတ်ခြင်း။

· အိမ်ရာဝင်း အနီးနားရှိ ဆောက်လုပ်ရေး လုပ်ငန်းများကိုရပ်နားထားခြင်း။

ကျွန်ုပ်တို့အနေနှင့် နောက် ၁၄ ရက်အတွင်း မလိုအပ်သော ထိတွေ့ဆက်ဆံမှုများကို ရှောင်ရှား၍ အိမ်တွင်နေပြီး မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်မှု ပြုလုပ်ကြရန် အကြံပြုလိုပါသည်။

သင့်အနေနှင့် COVID-19 ကူးစက်မှုဖြစ်ပွားနေသော နိုင်ငံများသို့ သွားရောက်ဖူးသည့် ခရီးသွား ရာဇဝင်ရှိခြင်း (သို့) COVID-19 ၏ ရောဂါဝေဒနာများကို ခံစားရလျှင် အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ကြရန် အကြံပြုလိုပါသည်။

· ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

· အခြားသူများနှင့် ထိတွေ့ဆက်ဆံမှု မပြုလုပ်ဘဲ တစ်ယောက်တည်း သီးသန့်နေခြင်းကို အနည်းဆုံး ၁၄ ရက်တိတိ ပြုလုပ်ပါ။

· ပန်းလှိုင်အိမ်ရာ စီမံခန့်ခွဲရေး အဖွဲ့သို့အကြောင်းကြားပါ။

· မိမိ၏လက်ကို မကြာခဏ ဆေး‌ပေးခြင်း အစရှိသည့် တကိုယ်ရည်သန့်ရှင်းရေးကို အရေးပေးလုပ်ဆောင်ပါ။

COVID-19 ကာကွယ်ရေးအတွက် ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လမ်းညွှန်ချက်များကို အောက်ပါလင့်ခ်တွင် ဝင်ရောက်လေ့လာဖတ်ရှုနိုင်ပါသည်။

လူကြီးမင်းအနေဖြင့် အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက ကျွန်ုပ်တို့၏ အိမ်ရာဝင်းအတွင်းရှိ ဖုန်းလိုင်းဖြစ်သော ၁၄၆၁ (သို့) ၀၉ ၉ ၅၅၄၀၀၉ ၁၁ ထံ ဆက်သွယ်နိုင်ပါသည်။

လူကြီးမင်းအနေဖြင့် ကျန်းမာရေးနှင့် ဆေးဘက်ဆိုင်ရာ စုံစမ်းမေးမြန်းလိုပါက ပန်းလှိုင်စီလုံဆေးရုံ၏ အရေးပေါ်ဖုန်းလိုင်းဖြစ်သော ၀၁ ၃၆၈၄၃၂၃ ထံ ဆက်သွယ်နိုင်ပါသည်။

အထက်တွင်ဖော်ပြသွားသည်များမှာ ကြိုတင်ပြင်ဆင်လုပ်ဆောင်မှုများသာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကြိုတင်ပြင်ဆင်မှုများသည် နောင်တွင်ဖြစ်ပေါ်လာနိုင်သော အခြေအနေများတွင် ပွင့်လင်းမြင်သာစွာဖြင့် အချိန်နှင့်တပြေးညီ တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်နိုင်စေရန် ဖြစ်ပါသည်။

လေးစားစွာဖြင့်

Jonathan Hegarty

General Manager






25 views0 comments

Recent Posts

See All
bottom of page