top of page
  • Writer's picturePun Hlaing Estate

Fatigue, Stress & Me

Updated: Mar 4, 2021

သောကကင်းဝေး ကျန်းမာရေး

Many of us are feeling worried and stressed from the current pandemic. It is important for us to identify the signs of stress, to navigate and to handle our emotions.

လက်ရှိတွင်ဖြစ်ပွားနေသည့် ကူးစက်ရောဂါအခြေအနေကြောင့် ကျွန်ုပ်တို့အများစုမှာ စိုးရိမ် ပူပန်ကာ စိတ်ဖိစီးမှုများကို ခံစားနေရပါသည်။ သို့ဖြစ်၍ စိတ်ဖိစီးမှုကြောင့် ဖြစ်လာနိုင်သည့် လက္ခဏာ များကို သတိမူနိုင်ရန်၊ လက်ရှိအခြေအနေတွင် မိမိတို့ကိုယ်ကို စီမံလမ်းညွှန်နိုင်ရန်နှင့် မိမိတို့၏ စိတ်ခံစား ချက်များကို ထိန်းချုပ် နိုင်ရန်မှာ လွန်စွာအရေးကြီးလာပါသည်။


Real Talk Yoma webinar recently addressed these topics and below is a summary of different things you can do to reduce stress and protect yourself from feeling overwhelmed.

ထို့ကြောင့် မကြာသေးခင်မှ ပြုလုပ်သွားသည့် Real Talk Yoma ဆွေးနွေးပွဲတွင် စိတ်ဖိစီးမှုခံစားနေရချိန်တွင် လုပ်ဆောင်သင့်သည့် အရာများနှင့် စိတ်ဖိစီးမှုဒဏ်မှ ကာကွယ်နိုင်စေမည့် လမ်းညွှန်ချက်များကို တင်ပြ သွားခဲ့ပါသည်။



Questions we ask ourselves?

1. How can we navigate the current situation?

လက်ရှိအခြေအနေတွင် မည်သို့သော စိတ်နေသဘောထားဖြင့် နေထိုင်ရမည်နည်း။

2. How do we make sure we are swimming and not sinking?

ယခုအခြေအနေတွင် ကျရှုံးခြင်းမရှိဘဲ မည်သို့ ဆက်လက်ရပ်တည်သွားရမည်နည်း။

3. How do we engage / show up for the cause you believe in?

မိမိယုံကြည်ချက်အတိုင်း မည်ကဲ့သို့ ပါဝင်လုပ်ဆောင်နိုင်မလဲ။



Identify Stress


Are you:

  • Feeling tired

မောပန်းနွမ်းနယ်ခြင်း

  • Change in eating habits

အစားအသောက်ပျက်ခြင်း

  • Change in sleep patterns

အိပ်စက်မှု အလေ့အထ ပြောင်းခြင်း

  • Feeling drained

အင်အားကုန်ခမ်းသလိုခံစားရခြင်း

  • Frequent aches and pains

မကြာခဏ နာကျင်ကိုက်ခဲခြင်း



Are you feeling any of these feelings?

  • Fear, Panic

ကြောက်ရွံ့ခြင်း၊ ထိတ်လန့်တုန်လှုပ်ခြင်း

  • Anxiety, Anger, Despair

စိုးရိမ်ပူပန်ခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ပျက်အားငယ်ခြင်း

  • Feeling unsafe

လုံခြုံမှုမရှိဟု ခံစားရခြင်း

  • Prejudice, Discrimination

အစွဲမှားခြင်းနှင့် ခွဲခြားဆက်ဆံခြင်း

  • Political polarization

နိုင်ငံရေး အစွန်းရောက်အမြင်ရှိခြင်း

  • Helpless, Trapped

အကူအညီကင်းမဲ့ခြင်း၊ ပိတ်မိသည်ဟု ခံစားရခြင်း

  • Loss of dreams and hope

စိတ်ကူးမျှော်လင့်ချက်များ ပျောက်ဆုံးခြင်း

  • Grief, Sadness

ဝမ်းနည်းပူဆွေးခြင်း

  • Burnout, Resentment

ကိုယ်စိတ်နှစ်ပါး ချုံးချုံးကျခြင်း၊ မကျေမချမ်းဖြစ်ခြင်း

  • Depression, Worry

စိတ်ဓါတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်း


Self Awareness


Say out loud this statement:


“Aware of suffering and injustice, I (Insert your name), am working to create a more just, peaceful and sustainable world. I promise, for the benefit of all, to practice self-care, mindfulness, healing and joy. I vow to take good care of my wellbeing so that I can attend to my needs and I can better appreciate the needs of others.”

မတရားမှုတွေနှင့် ခံစားနေရတာတွေကို သိရှိနေသည့် ကျွန်ုပ် (မိမိနာမည် ထည့်ရန်) သည် ပိုမိုတရားမျှတကာ အေးချမ်းသော ကမ္ဘာကြီးဖြစ်လာအောင် လုပ်ဆောင်ပေးလျက်ရှိပါသည်။ လူတိုင်းအတွက် အကျိုးရှိစေရန် မိမိကိုယ်ကို ဂရုစိုက်ခြင်း၊ အမြဲသတိရှိခြင်း၊ ပြန်လည်ထူထောင်လာအောင် ကြိုးပမ်းခြင်း တို့ဖြင့် ပျော်ရွှင်စွာနေထိုင်သွားမည်ဟု ကျွန်ုပ်ကတိပြုပါသည်။ မိမိ၏ လိုအပ် ချက်များနှင့် အခြားသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် မိမိကိုယ်ကို ဂရုစိုက်စောင့်ရှောက်မည်ဟု သစ္စာဆိုပါသည်။



Activity – Practice Relaxed Awareness

The Objective: To increase awareness of our existence this moment, our thoughts, emotions, outside stimuli.

ဘာကြောင့် စိတ်ဖြေလျော့ခြင်း အလေ့အကျင့်ကို လုပ်ဆောင်ကြသနည်း။ လက်ရှိအချိန်တွင် မိမိတို့၏ ဖြစ်တည်မှု၊ အတွေးများ၊ စိတ်ခံစားချက်များနှင့် ပြင်ပရှိ လှုံ့ဆော်ပေးနိုင်သည့် အရာများအပေါ် ပိုမိုသတိမူလာနိုင်စေရန် ဖြစ်ပါသည်။


1. Close your eyes for a minute, and instead of pushing your thoughts away or focusing on your breath,

သင့်မျက်လုံးကို ၁ မိနစ်လောက် ပိတ်ထားပြီး သင့်အတွေးတွေကိုဖယ်ထုတ်ကာ အသက်ရှူခြင်းအပေါ် အာရုံစိုက်ပါ။


2. Just softly notice your thoughts, feelings and body. You might see negative thoughts or emotions. Welcome them for a cup of tea, give them a hug. They are part of life – “It’s OK.”

သင့်အတွေး၊ ခံစားချက်များနှင့် ခန္ဓာကိုယ်ကို ဖြည်းဖြည်း သတိမူကြည့်ပါ။ မကောင်းသောအတွေးများ (သို့) စိတ်ခံစားချက်များကို သင် သတိထားမိပါလိမ့်မည်။ ထိုအရာများသည် ဘဝ၏ တစ်စိတ်တစ်ဒေသ ဖြစ်သည့်အတွက် ထိုအရာများကို လက်ခံပေးနိုင်ရပါမည်။


3. Just notice them, watch them. Comfort it and let them hang for a while. Don’t try to turn them to positive thoughts or push them away.

ထိုအရာများကို စောင့်ကြည့်နှစ်သိမ့်ပြီး ခဏတာ ဒီအတိုင်းရှိနေပါစေ။ အပြုသဘောဆောင်သောအတွေးများဖြစ်လာစေရန် (သို့) အ ဝေးကိုတွန်းထုတ်ရန် အတင်းမကြိုးစားပါနှင့်။


4. They are not bad, but opportunities to learn things about ourselves.

၎င်းတို့ကြောင့် မိမိတို့၏အကြောင်းကို ပိုမိုလေ့လာသိရှိနိုင်မှာဖြစ်သည့်အတွက် အကျိုးယုတ်စေသော အရာများမဟုတ်ပါ။


5. You can practice this for 5 minutes a day or up to 30 minutes.

ဤပြုလုပ်ပုံ အဆင့်ဆင့်ကို တစ်နေ့လျှင် အနည်းဆုံး ၅ မိနစ်မှစ၍ မိနစ် ၃၀ အထိ လေ့ကျင့်နိုင်ပါသည်။