top of page

COVID-19 နှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှုများ

  • Writer: Pun Hlaing Estate
    Pun Hlaing Estate
  • Mar 23, 2020
  • 2 min read

Updated: Jun 24, 2020

လေးစားအပ်ပါသော ပန်းလှိုင်အိမ်ရာဝင်းအတွင်း နေထိုင်သူများ ခင်ဗျာ

ကျွန်ုပ်တို့အနေနှင့် COVID 19 နှင့် ပတ်သက်၍ မည်ကဲ့သို့သော ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ချက်များ လုပ်ဆောင်သွားမည် ဆိုတာကို အသိပေးကြေညာလိုပါသည်။ ယခု လက်ရှိတွင် အခြေအနေများသည် လျင်မြန်စွာ ပြောင်းလဲလျက်ရှိပြီး ပန်းလှိုင်အိမ်ရာ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော အခြေအနေများပေါ်မူတည်၍ အလျင်မြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်ရန် အသင့်အနေထားဖြင့် ပြင်ဆင်ထားရှိပါသည်။ ကျွန်ုပ်တို့အနေနှင့် အရေးပေါ်တုံ့ပြန်မှု ဆောင်ရွက်နိုင်ရန် ကြိုတင်စီစဉ်ထားရှိမှုများကို အဆင့် ဝ၊ အဆင့် ၁၊ အဆင့် ၂ ဟူ၍ အဆင့် ၃ ဆင့် ခွဲခြားထားပါသည်။ အဆင့် သတ်မှတ်ချက်များကို အစိုးရ၏ လမ်းညွှန်ချက်များနှင့် အညီ ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများ၏ အကူအညီဖြင့် Yoma Land မှ ဆုံးဖြတ်ချက် ပြုလုပ်သွားမည် ဖြစ်ပါသည်။


အဆင့် ၀ - လတ်တလော အခြေအနေ

အဆင့် ၀ - လတ်တလော အခြေအနေ : ယခုအဆင့်သည် လတ်တလော အခြေအနေကို ဖော်ပြသော အဆင့်ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအတွင်း၌ ရောဂါပိုး တွေ့ရှိသည်ဟု အတည်ပြုထားသော အခြေအနေမရှိသေးသော်လည်း နိုင်ငံအတွင်း၌ COVID 19 ရှိနေနိုင်သည်ဟူသော ယူဆချက်ဖြင့် အသင့်အနေအထားရှိနေသော ကာလဖြစ်ပါသည်။

ယခုအဆင့်တွင်

· ပန်းလှိုင်အိမ်ရာအတွင်းသို့ ဝင်ရောက်သော ဝင်ပေါက်ကို ၃ နေရာ အထိ လျော့ချမှု ပြုလုပ်လိုက်သည်။

· မတ်လ ၂၁ ရက် ၂၀၂၀ (စနေနေ့) တွင် Spa ကို ပိတ်လိုက်သည်။

· မတ်လ ၂၂ ရက် ၂၀၂၀ (တနင်္ဂနွေနေ့) တွင် gym နှင့် kid’s playroom ကို ပိတ်လိုက်သည်။

အဆင့် ၁ - အထူးသတိပြုရန်လိုအပ်သောအချိန်

အဆင့် ၁ သည် အထူးသတိပြုရန်လိုအပ်သောအချိန် ဖြစ်ပြီး မြန်မာနိုင်ငံအတွင်း၌ ရောဂါပိုးတွေ့ရှိသည်ဟူသော အခြေအနေများနှင့် အစိုးရ၏ သတ်မှတ်ချက်အတိုင်း ရန်ကုန်မြို့ရှိ အချို့သောနေရာများကို ကန့်သတ်မှု ပြုလုပ်မည့် အခြေအနေဖြစ်သည်။

ထိုအဆင့်တွင်

· ကျွန်ုပ်တို့အနေနှင့် ရေကူးကန်နှင့် Horizons စားသောက်ဆိုင်ကို ပိတ်မည်ဖြစ်သည်

· Oasis ရှိ ရရှိနိုင်မည့် စားသောက်ဖွယ်ရာ menu များကိုလည်း လျော့ချသွားမည် ဖြစ်သည်။

· ဆောက်လုပ်ရေး လုပ်ငန်းများကိုလည်း ရပ်နားမည် ဖြစ်သည်။

· ကျွန်ုပ်တို့အနေနှင့် ပန်းလှိုင်အိမ်ရာအတွင်းရှိ အခြေခံဝန်ဆောင်မှုများဖြစ်သော - စွန့်ပစ်ပစ္စည်း သိမ်းဆည်းမှု၊ လျှပ်စစ်ပေးဆောင်မှု၊ အစားအသောက် ပို့ဆောင်ပေးမှု၊ လုံခြုံရေး အစရှိသည်တို့ကို ဆက်လက်ထိန်းသိမ်း လုပ်ဆောင်သွားမည် ဖြစ်သည်။

· ပန်းလှိုင်ဂေါက်ကွင်းနှင့် တင်းနစ်ကွင်းများကို အဖွဲ့ဝင်များနှင့် အိမ်ရာအတွင်းနေထိုင်သူများ အတွက်သာ ဆက်လက် ဖွင့်လှစ်သွားမည် ဖြစ်သည်။

အဆင့် ၂ - အလုံးစုံ ရပ်ဆိုင်းချိန်

အဆင့် ၂ သည် အစိုးရ၏ သတ်မှတ်ချက်အတိုင်း မြို့တော်ကို အလုံးစုံ ပိတ်သိမ်းလိုက်သည့် အချိန်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်းတွင် ကပ်ရောဂါသဖွယ် ဖြစ်နိုင်သော အန္တရာယ်နှင့် အမှန်တကယ် ရောဂါပြန့်ပွားလာသော အခြေအနေဖြစ်သည်။

ထိုအဆင့်တွင်

· ကျွန်ုပ်တို့အနေနှင့် အိမ်ရာတစ်ခုလုံးကို အဝင် အထွက် ပြုလုပ်ခြင်းမရှိစေပဲ ပိတ်သိမ်းလိုက်မည် ဖြစ်သည်။

· ကျွန်ုပ်တို့အနေနှင့် အခြေခံ ဝန်ဆောင်မှုများကို ပေးဆောင်နိုင်ရန် အရေးပေါ်အဖွဲ့ဖြင့် အိမ်ရာဝင်းအတွင်း ဆက်လက်လုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။

· အိမ်ရာဝင်းအတွင်းရှိ အရေးပေါ် သောက်သုံးရေနှင့် အစားအသောက် လိုအပ်သော နေထိုင်သူများမှာ အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့ ကို ဆက်သွယ်နိုင်မည် ဖြစ်သည်။

· အိမ်ရာဝင်းအတွင်းတွင် လုံခြုံရေးကို အပြည့်အဝ ထားရှိသွားမည် ဖြစ်သည်။

မှတ်ချက် ။ ။ (golf and country club) အဖွဲ့ဝင်များအတွက် အဖွဲ့ဝင်ကြေးနှင့် အနာဂတ်အသင်းဝင်ကြေးများကို ယခုပိတ်သိမ်းထားသော အချိန်အတွက် ထည့်သွင်းစဉ်းစားပေးမည် ဖြစ်သည်။

ရောဂါပိုး ကူးစက်ခံရလျှင်သော်လည်းကောင်း၊ ရောဂါပိုးကို ကြိုတင်ကာကွယ်ချင်လျှင်သော်လည်းကောင်း အောက်ပါလင့်ခ်တွင် ဖော်ပြထားသော ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ လမ်းညွှန်ချက်များအတိုင်း ပြုမူဆောင်ရွက်ကြရန် အကြံပြုအပ်ပါသည်။

လူကြီးမင်းအနေဖြင့် အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက ကျွန်ုပ်တို့၏ အိမ်ရာဝင်းအတွင်းရှိ ဖုန်းလိုင်းဖြစ်သော 1461 သို့ လည်းကောင်း 09955400911 လည်းကောင်း ခေါ်ဆိုမှု ပြုလုပ်နိုင်ပါသည်။

လူကြီးမင်းအနေဖြင့် ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါက ပန်းလှိုင်စီလုံဆေးရုံ၏ အရေးပေါ်ဖုန်းလိုင်းဖြစ်သော 013684323 ကို ခေါ်ဆိုမှု ပြုလုပ်နိုင်ပါသည်။

ကျွန်ုပ်အနေဖြင့် အလွန်အမင်းအထိတ်တလန့်ဖြစ်ရန် မလိုကြောင်းကို အလေးထား၍ ပြောကြားလိုပါသည်။ ကျွန်ုပ်တို့၏ ကြိုတင်ပြင်ဆင်မှုများသည် နောက်ထပ်ဖြစ်ပေါ်လာနိုင်သော အခြေအနေများတွင် ချက်ချင်းလက်ငင်း တုံ့ပြန်မှု ဆောင်ရွက်မှုပြုလုပ်နိုင်စေရန် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။

ရိုသေလေးစားစွာဖြင့်


Jonathan Hegarty

General Manager




Comments


2025 by Pun Hlaing Estate. All Rights Reserved.

Subscribe to newsletter

  • Facebook
  • YouTube
  • Instagram
bottom of page