top of page

Community Notification: COVID-19 Alert

  • Apr 15, 2020
  • 2 min read

Updated: Apr 23, 2020


နေ့စွဲ။ ။ ဧပြီလ ၁၅ ရက် ၂၀၂၀ COVID-19 နှင့်စပ်လျဥ်း၍ အများပြည်သူအား အရေးပေါ်အသိပေးထုတ်ပြန်ကြေညာချက်

နေ့စွဲ။ ။ ဧပြီလ ၁၅ ရက် ၂၀၂၀ COVID-19 နှင့်စပ်လျဥ်း၍ အများပြည်သူအား အရေးပေါ်အသိပေးထုတ်ပြန်ကြေညာချက်



နေ့စွဲ။ ။ ဧပြီလ ၁၅ ရက် ၂၀၂၀



COVID-19 နှင့်စပ်လျဥ်း၍ အများပြည်သူအား အရေးပေါ်အသိပေးထုတ်ပြန်ကြေညာချက်

လေးစားရပါသော ပန်းလှိုင်အိမ်ရာဝင်းအတွင်း နေထိုင်သူများခင်ဗျာ

ဧပြီလ ၁၀ ရက်နေ့တွင် ကျွန်ုပ်တို့ ပန်းလှိုင်အိမ်ရာဝင်းအတွင်း Jasmine Place 16B ရှိ နေထိုင်သူတစ်ဦးတွင် COVID-19 ပိုးတွေ့ရှိမှုနှင့် ပတ်သက်၍ အသိပေးကြေညာချက် ထပ်မံပြုလုပ်လိုပါသည်။

ယနေ့တွင် ရန်ကုန်တိုင်းအစိုးရနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အသိပေးကြေညာချက်အရ မိသားစုဝင်နောက်တစ်ဦးတွင် ရောဂါပိုးတွေ့ရှိရသည်ဟု သတင်းရရှိပါသည်။ ထိုမိသားစုရှိ ‌‌‌အမျိုးသား နှင့် အမျိုးသမီး နှစ်ဦးစလုံးကို ယခုလက်ရှိတွင် ဝေဘာဂီဆေးရုံတွင် စောင့်ကြပ်ကြည့်ရှုထားပါသည်။ အခြားသော မိသားစုဝင်များမှာ COVID-19 ရောဂါပိုးမတွေ့ရှိရသော်လည်း အစိုးရ၏ ညွှန်ကြားချက်အတိုင်း ဧပြီလ ၁၀ ရက်နေ့မှ စ၍ ၂၁ ရက်တိတိ သီးခြားနေထိုင်မှုဆက်လက် လုပ်ဆောင်သွားရမည် ဖြစ်သည်။ ၎င်းနေထိုင်သူ၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို စာနာထောက်ထား၍ လေးစားမှုပြုလုပ်ပေးရန် တိုက်တွန်းလိုပါသည်။

အိမ်ရာစီမံခန့်ခွဲရေး အဖွဲ့အနေနှင့် အောက်ပါ လုပ်ဆောင်ချက်များကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

• Jasmine Place အိမ်အမှတ် 16B ကို သီးသန့်ခွဲခြား၍ ပန်းလှိုင်အိမ်ရာမှ လုံခြုံရေးဝန်ထမ်းများမှ စောင့်ကြပ်ကြည့်ရှုခြင်းကို ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။

• အကယ်၍ လူကြီးမင်းနှင့် လူကြီးမင်း၏ မိသားစုဝင်တစ်ဦးဦးမှ Jasmine Place အိမ်အမှတ် ၁၆ ရှိနေထိုင်သူ (သို့မဟုတ်) အလုပ်လုပ်နေသူ တစ်ဦးဦးနှင့် ထိတွေ့ဆက်ဆံမှုများရှိခဲ့ပါက ကျွန်ုပ်ထံ တိုက်ရိုက် အသိပေးအကြောင်းကြား‌စေလိုပါသည်။ ထိုမှသာလျှင် ကျွန်ုပ်တို့အနေဖြင့် လိုက်လံစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်ပါသည်။

• Country club, Gym, ရေကူးကန် နှင့် ဂေါက်ကွင်းတို့ကို လက်ရှိအချိန်တွင် ပိတ်ထားကြောင်းအသိပေးလိုပါသည်။ အိမ်ရာဝင်းအတွင်း ပေးနေသော Buggy service ကိုလည်း ခေတ္တဆိုင်းငံ့ထားပါသည်။

• Golf Club ကို အိမ်ရာဝင်းအတွင်းနေထိုင်သူများအတွက် ဆက်လက် ဖွင့်လှစ်ပေးသွားမည် ဖြစ်သော်လည်း caddy ဝန်ဆောင်မှုပါဝင်ခြင်းမရှိပါ။

• Country Store ကို ဆက်လက်ဖွင့်လှစ်ပေးသွားမည် ဖြစ်ပြီး လက်ရှိအချိန်အတောအတွင်းတွင် ဆိုင်အတွင်းသို့ လူ ၂ ဦးသာ ဝင်ခွင့်ပြုမည် ဖြစ်သည်။

• Horizon နှင့် Oasis စားသောက်ဆိုင်များမှ အစားအသောက်များကို Yoma Living App ကိုအသုံးပြု၍ (သို့မဟုတ်) ဖုန်းဆက်၍ Take Away (သို့မဟုတ်) Delivery ဖြင့် မှာယူနိုင်မည်ဖြစ်ပါသည်။

• Awei Metta ရှိ Oscar Restaurant စားသောက်ဆိုင်တွင် Take Away ဝန်ဆောင်မှုသာ ရရှိနိုင်မည် ဖြစ်ပါသည်။

• ကျွန်ုပ်တို့အနေဖြင့် အိမ်ရာဝင်းအတွင်းသို့ အိမ်အကူများ (သို့မဟုတ်) ယာဉ်မောင်းများကို ဝင်ခွင့်ပြုတော့မည် မဟုတ်ပါ။

• ပန်းလှိုင်အိမ်ရာဝင်းအတွင်းသို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက် ၃ ခု ပြုလုပ်ထားပါသည်။ အရေးပေါ် ကျန်းမာရေး လိုအပ်ချက်ကြောင့် ဆေးရုံ (သို့မဟုတ်) ဆေးခန်း သွားရန်လိုအပ်သည့် အချိန် (သို့မဟုတ်) စားသောက်ကုန် ဝယ်ယူရန်အချိန်များမှသာလျှင် ထိုဝင်ပေါက်များကို ဖြတ်သန်းသွားလာခွင့် ပြုမည်ဖြစ်သည်။

ကျွန်ုပ်တို့အနေနှင့် နောက်လာမည့် ၁၄ ရက်အတွင်း မလိုအပ်သော ထိတွေ့ဆက်ဆံမှုများ ကိုရှောင်ရှားရန် နှင့် နေအိမ်တွင်နေပြီး မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်မှု ပြုလုပ်ကြရန် တိုက်တွန်းအကြံပြုလိုပါသည်။

သင့်အနေနှင့် COVID-19 ကူးစက်မှုဖြစ်ပွားနေသော နိုင်ငံများသို့ သွားရောက်ဖူးသည့် ခရီးသွား ရာဇဝင် ရှိသည် ဖြစ်စေ၊ COVID-19 နှင့်ပတ်သက်သည့် ရောဂါဝေဒနာများကို ခံစားရလျင်ဖြစ်စေ အောက်ပါအချက်များကို လိုက်နာ ဆောင်ရွက်ကြရန် အကြံပြုလိုပါသည်။

• ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူ၏ အကြံပေးမှုကို ရယူပါ။

• အနည်းဆုံး ၁၄ ရက်တိတိ အခြားသူများနှင့် ထိတွေ့ဆက်ဆံခြင်းကို ရှောင်ကြဉ်ပါ။

• ပန်းလှိုင်အိမ်ရာ စီမံခန့်ခွဲရေး အဖွဲ့သို့အကြောင်းကြားပါ။

• မိမိ၏လက်ကို မကြာခဏ ဆေး‌ပေးခြင်း အစရှိသည့် တကိုယ်ရည်သန့်ရှင်းမှုကို ထိန်းသိမ်းဆောင်ရွက်ပါ။

COVID-19 နှင့်ပတ်သက်၍ ပိုမိုကောင်းမွန်သော အကြံဉာဏ် လုပ်ဆောင်ချက်များကို သိရှိလိုပါက အောက်ဖော်ပြပါ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ဝဘ်ဆိုဒ်တွင် ကြည့်ရှုနိုင်ပါသည်။

https://www.who.int/emergencies/diseases/novel-coronavirus-2019/advice-for-public

လူကြီးမင်းအနေဖြင့် အကူအညီ တစ်စုံတစ်ရာ လိုအပ်ပါက ကျွန်ုပ်တို့၏ အိမ်ရာဝင်းအတွင်းရှိ ဖုန်းလိုင်းဖြစ်သော ၁၄၆၁ (သို့) ၀၉ ၉ ၅၅ ၄၀၀ ၉ ၁၁ ထံ ဆက်သွယ်ခေါ်ဆိုနိုင်ပါသည်။

လူကြီးမင်းအနေဖြင့် ဆေးဘက်ဆိုင်ရာ သတင်းအချက်အလက်များကို သိရှိလိုပါက ပန်းလှိုင်စီလုံဆေးရုံ၏ အရေးပေါ်ဖုန်းလိုင်းဖြစ်သော ၀၁ ၃၆၈၄ ၃၂၃ သို့ ခေါ်ဆိုနိုင်ပါသည်။

အထက်တွင်ဖော်ပြသွားသည်များမှာ ကြိုတင်ပြင်ဆင်လုပ်ဆောင်မှုများသာဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကြိုတင်ပြင်ဆင်မှုများသည် နောင်ထပ်ဖြစ်ပေါ်လာနိုင်သော အခြေအနေ အရပ်ရပ်တွင် ချက်ချင်းလက်ငင်း တုံ့ပြန်ဆောင်ရွက်နိုင်စေရန် နှင့် ပွင့်လင်းမြင်သာမှုရှိစွာ လုပ်ဆောင်နိုင်စေရန် ရည်ရွယ်ပါသည်။

ရိုသေလေးစားစွာဖြင့်


Jonathan Hegarty

General Manager

Comments


2025 by Pun Hlaing Estate. All Rights Reserved.

Subscribe to newsletter

  • Facebook
  • YouTube
  • Instagram
bottom of page