top of page
  • suumyatkhin

Planet-Friendly Ways to Celebrate Earth Hour

Updated: Mar 24, 2021


Every year, Earth Hour brings together individuals, communities, and businesses to help restore our Earth. It gives them the power to take action and conserve our planet - not only through the symbolic gesture of switching off the lights but also through tangible actions.


နှစ်စဉ်နှစ်တိုင်းပြုလုပ်လေ့ရှိတဲ့ Earth Hour မှာ ပါဝင်ခြင်းဟာ လူတစ်ဉီးတစ်ယောက်ချင်းအနေနဲ့ဖြစ်စေ၊ လူ့အဖွဲ့အစည်းများ၊စီးပွားရေးလုပ်ငန်းများအနေနဲ့ ဖြစ်စေ၊ မိမိတို့နေထိုင်ရာကမ္ဘာမြေကြီးကို အတူတကွ ကာကွယ်စောင့်ရှောက်ဖို့အတွက် အခွင့်အလမ်းတွေပေးတဲ့ အစီအစဉ်လေးပဲဖြစ်ပါတယ်။ Earth Hour ကို ပါဝင်ဆင်နွှဲရာမှာ အရေးပါဆုံးအချက်ဖြစ်တဲ့ လျှပ်စစ်မီးများကို အသုံးမပြုခြင်းဆိုတဲ့အချက်အပါအဝင် အခြားသော နည်းလမ်းများစွာနဲ့လည်းပါဝင်နိုင်ပါတယ်။


Earth Hour is a worldwide movement organized by the World Wide Fund for Nature (WWF). The event is held annually encouraging individuals, communities, and businesses to turn off non-essential electric lights, for one hour, from 8:30 to 9:30 p.m. on a specific day towards the end of March, as a symbol of commitment to the planet.


If you are thinking about participating in an Earth hour, you don’t have to just switch off your lights, sit and doing nothing in the dark. There are still a lot of things you can do without using electricity which is not only good for the planet but also can be fun and entertaining if you try these activities with your loved ones and friends. All activities can be done without leaving the estate!


Earth Hour ဆိုတာကတော့ World Wide Fund for Nature (WWF) မှ ဉီးဆောင်ပြုလုပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုတစ်ခုဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုကို နှစ်စဉ်ကျင်းပလေ့ရှိပြီး ရည်ရွယ်ချက်ကတော့ လူတစ်ဉီးတစ်ယောက်ချင်း၊ အသိုင်းအဝိုင်းများ နှင့် စီးပွားရေးလုပ်ငန်းတွေ အနေနှင့် မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ည ၈:၃၀ မှ ၉:၃၀ အထိ ၁ နာရီတိတိ အသုံးမပြုပဲ ပိတ်ပေးထားခြင်းအားဖြင့် ကမ္ဘာကြီးကို ကယ်တင်စောင့်ရှောက်တဲ့နေရာမှာ တထောင့်တနေရာ ကနေပါဝင်နိုင်ဖို့ပဲဖြစ်ပါတယ်။ Earth Hour ကို မတ်လအကုန်လောက်မှာ ပြုလုပ်လေ့ရှိပါတယ်။


Earth Hour မှာ ပါဝင်တယ်ဆိုတာက မီးတွေပိတ် အမှောင်ထဲမှာပဲထိုင်ပြီး ဘာမှမလုပ်ပဲနေနေရတာမျိုး မဟုတ်ပါဘူး။ လျှပ်စစ်မီးကို အသုံးမပြုပဲ ပြုလုပ်လို့ရတဲ့ အစီအစဉ်တွေ အများကြီးရှိလို့နေပါတယ်။ ကမ္ဘာကြီးကိုလည်း စောင့်ရှောက်ရင်း ချစ်ခင်ရတဲ့ သူငယ်ချင်းတွေ၊ မိသားစုတွေကိုလည်း အချိန်ပေးရင်း အတူတူပြုလုပ်လို့ ရမယ့်အစီအစဉ်လေးတွေကို ဖော်ပြပေးထားပါတယ်။ ပန်းလှိုင်အိမ်ရာဝင်းအတွင်းမှာတင် ပြုလုပ်လို့ရတဲ့ အစီအစဉ်လေးတွေ ဖြစ်တာမလို့ ပိုပြီးတော့ အဆင်ပြေတာပေါ့။


Have a romantic candlelight dinner

Have a blissful hour with your loved one, with an exquisite dinner at our restaurants enjoyed in the romantic surroundings.

Book your table at Oasis Bistro: countryclub@memoriesgroup.com or call +95 (1) 687664

Bamboo House: corporatemarketing@yomaland.com or call +95 (9) 760112102


ချစ်ခင်နှစ်သက်ရသူနဲ့အတူတူ ကြည်နူးဖွယ် ညစာစားပွဲလေးကိုဖန်တီးနိုင်ဖို့ ပန်းလှိုင်အိမ်ရာထဲမှာ ရွေးချယ်စရာ စားသောက်ဆိုင်တွေရှိလို့နေပါတယ်။ Earth Hour ကို ချစ်ရသူနဲ့အတူတူ ဖြတ်သန်းကုန်ဆုံးလိုက်ပါ။

Oasis Bistro တွင် ဘိုကင်ပြုလုပ်လိုပါက countryclub@memoriesgroup.com သို့မဟုတ် +95 (1) 687664 သို့ခေါ်ဆိုနိုင်ပါတယ်။

Bamboo House တွင် ဘိုကင်ပြုလုပ်လိုပါက corporatemarketing@yomaland.comသို့မဟုတ် +95 (9) 760112102 သို့ခေါ်ဆိုနိုင်ပါတယ်။


Invite your neighbors around and bring back old board games memories

Playing board games with your friends and neighbors can be fun. But more than that it can also bring people closer and strength relationships as well. Light up the candles at the comfort of your spacious home and create some enjoyable hour while exercising your brain to win the games.


Board games တွေကို မိတ်ဆွေတွေ၊ အိမ်နီးချင်းတွေနဲ့အတူတူ ကစားရတာက အင်မတန် ပျော်ရွှင်ဖို့ ကောင်းပါတယ်။ ပျော်ရွှင်ဖို့ကောင်းတာအပြင် ဂိမ်းတွေအတူတူ ကစားကြတဲ့အခါ အချင်းချင်းရင်းနှီးမှုတွေကိုလည်းပိုမိုတိုးလာစေပါတယ်။ ဒါကြောင့်မလို့ ကျယ်ဝန်းလှပတဲ့ အိမ်လေးထဲမှာ ဖယောင်းတိုင်လေးတွေထွန်းညှိပြီး ဂိမ်းအနိုင်ရဖို့ ဉီးနှောက်တွေကို အလုပ်ပေးရင်း တန်ဖိုးရှိလှတဲ့ အချိန်လေးတွေကို ဖန်တီးလိုက်ပါ။


Take a star walking

Nature lovers can have a new perspective by taking a star walking at night within the estate area which is also good for mental health and well-being. Feel the darkness, sparkle of the stars, and spring wind in the spacious Pun Hlaing Estate where you can have a clear view of the sky and enjoy all of the above.


သဘာဝကိုချစ်မြတ်နိုးသူတွေအတွက် အိမ်ရာဝင်းအတွင်းမှာ ကြယ်လေးတွေကို ကြည့်ရှုရင်း လမ်းလျှောက်ခြင်းကလည်း အမြင်အသစ်တွေကို ရရှိစေရုံမက ကိုယ်ရောစိတ်ကိုပါကျန်းမာစေပါတယ်။ ကောင်းကင်ပြင်ကျယ်ကြီးကို ရှင်းလင်းထင်ရှားစွာမြင်ရတဲ့ ပန်းလှိုင်အိမ်ရာဝင်းထဲမှာ တိတ်ဆိတ်ငြိမ်သက်မှုရဲ့ အရသာ၊ တဖြတ်ဖြတ်တောက်ပပြီးလှပနေတဲ့ ကြယ်လေးတွေနဲ့ နွေဉီးရဲ့ လေပြေလေညင်းလေးတွေကို ခံစားရင်း Earth Hour မှာ ပါဝင်လိုက်ပါ။


Try candlelight yoga for relaxation

Advance your regular yoga practice by soft, calming candlelight. Take this Earth Hour opportunity to unwind your body, mind, and soul leading to a better sustainable and healthy lifestyle.


အေးချမ်းပြီး သက်တောင့်သက်သာဖြစ်စေမယ့် ဖယောင်းတိုင်မီးလေးတွေကို ထွန်းညှိရင်း ယောဂကျင့်စဉ်တွေကို ပြုလုပ်ကြည့်လိုက်ပါ။ ကိုယ်စိတ်နှလုံးလည်း အပန်းပြေ ကောင်းမွန်တဲ့လူနေမှုပုံစံကိုလည်းရရှိစေတဲ့ ယောကကျင့်စဉ်တွေကို ပြုလုပ်ရင်း Earth Hour အစီအစဉ်မှာ ပါဝင်လိုက်ပါ။


Have a stress-relieving jam session at your place

Invite your friends for a relaxed leisure time, humming and singing to some of your favorite music at your backyard area or balcony.


အိမ်နီးချင်းမိတ်ဆွေသူငယ်ချင်းတွေနဲ့အတူတူ ကြိုက်နှစ်သက်ရတဲ့ သီချင်းတွေကို ဝရံတာမှာ ဖြစ်စေ၊ အိမ်နောက်ဖေးဥယျာဉ်လေးမှာဖြစ်စေ ပျော်ပျော်ရွှင်ရွှင်သီဆိုတာကလည်း Earth Hour မှာ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကတခုပဲနော်။


Reading a bed-time story

Create a warm and cozy atmosphere by lighting some candles and transform your favorite bedtime story into an adventurous journey to the world of your own imagination.


ညအိပ်ရာဝင်ပုံပြင်တွေထဲက စိတ်လှုပ်ရှား၊ စွန့်စားဖွယ်ရာ ခရီးတွေကို အမှန်တကယ်ရောက်ရှိသွားသလို ခံစားနိုင်ဖို့ အိပ်ခန်းလေးထဲမှာ ဖယောင်းတိုင်မီးလေးတွေထွန်းညှိပြီး ကိုယ်ပိုင် စိတ်ကူးစိတ်သန်းတွေထဲက ကမ္ဘာလေးကို သွားရောက်ရင်း Earth Hour မှာ ပါဝင်လိုက်ပါ။

 

24 views0 comments

Recent Posts

See All
bottom of page