top of page
  • Phyo Ei Khine

Why is the safe neighborhood important?

လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်က ဘာလို့အရေးကြီးတာလဲ?



Safe neighborhoods is a broad topic that includes many aspects of health such as clean air, greenery, safety from violence, and a sense of community.

Neighborhood is one of the critical roles when you are planning to move to new area or have lived in the same area for years. Once you live in a safe neighborhood, you would enjoy outside activities in your garden with your kids either in day or night time.

You are supposed to aware these signs which shown your neighborhood is safe.

လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်ဆိုလျှင် လုံခြုံတဲ့နေရာအပြင် ကျန်းမာရေးရှုထောင့်မှကြည့်လျှင်လည်း လေကောင်းလေသန့်ရတာ၊ ပတ်ဝန်းကျင်စိမ်းစိုတာ၊ အကြမ်းဖက်မှုတွေကနေလုံခြုံတာ၊ မိသားစုစိတ်ဓာတ်ရှိတဲ့ ပတ်ဝန်းကျင်ဖြစ်တာ စတာတွေကိုပေါင်းပြီးခေါ်ဆိုတာဖြစ်ပါတယ်။ နေရာသစ်တစ်ခုကို ရွှေ့ပြောင်းမှာပဲဖြစ်ဖြစ်၊ တစ်နေရာမှာပဲ အချိန်ကြာကြာနေခဲ့တာဖြစ်ဖြစ် အိမ်နားပတ်ဝန်းကျင်လုံခြုံမှုရှိမရှိက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ တကယ်လို့ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာနေတယ်ဆိုရင်တော့ ကလေးတွေ အချိန်မရွေး လွတ်လွတ်လပ်လပ်အပြင်ထွက်ကစားနိုင်သလို လူကြီးတွေလဲ အိမ်အနီးဝန်းကျင်မှာ ကိုယ်လက်လှုပ်ရှားမှုတွေ လုပ်နိုင်ပါတယ်။

သင်နေထိုင်မယ့် အိမ်အနီးဝန်းကျင်က လုံခြုံစိတ်ချမှုရှိ၊မရှိကို ဒီအချက်တွေကြည့်ပြီး သိနိုင်ပါတယ်။


Community events – the community host events like family bbq party, weekly community market. From these events, you’re more likely to get to know each other in your neighborhood. If your neighborhood is not safe, the residents are not willing to host or attend the events.

လူမှုရေးပွဲများပြုလုပ်ခြင်း - အိမ်နီးနားချင်းတွေ တစ်ယောက်နဲ့တစ်ယောက်ခင်မင်ရင်းနှီးဖို့ အားလုံးစုပြီး အကင်လုပ်စားတာ၊ အပတ်စဉ်ဈေးနေ့လုပ်ပေးတာတွေဟာ သင့်နေထိုင်တဲ့ အိမ်ဝန်းကျင်ဟာ လုံခြုံအေးချမ်းတယ်ဆိုတာကို ပြနေတာပဲဖြစ်ပါတယ်။ တကယ်လို့ ပတ်ဝန်းကျင်က မအေးချမ်းလျှင် လူတွေက အဲ့လိုလုပ်ဖို့ကို စိတ်ဝင်စားကြမှာမဟုတ်ပါဘူး။


Outdoor activities – Parents will let their kids play outside of the house if the neighborhood is safe. They can bike down the street, play with siblings and have fun time with friends.

ပြင်ပလှုပ်ရှားမှုများ - ပတ်ဝန်းကျင်ကလုံခြုံအေးချမ်းတယ်ဆိုရင် မိဘတွေကလည်း သူတို့ကလေးတွေကို အိမ်အပြင်မှာဆော့ဖို့ ခွင့်ပြုကြပါတယ်။ ကလေးတွေကလည်း လမ်းတလျှောက်စက်ဘီးစီးတာ၊ မောင်နှမတွေ၊ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါးကစားတာတွေ လုပ်နိုင်ပါတယ်။



Watch groups – In some neighborhoods, people set up groups to keep an eye on the safety of the community. However, most of the neighborhoods appoint the security team to watch the in/out of the area.

စောင့်ကြည့်အဖွဲ့များဖွဲ့ထားခြင်း - တချို့အိမ်ရာတွေမှာ လူတွေက ပတ်ဝန်းကျင်လုံခြုံရေးအတွက် ကင်းစောင့်အဖွဲ့တွေ ဖွဲ့ထားတတ်ကြပါတယ်။ အများအားဖြင့်တော့ လုံခြုံရေးအဖွဲ့သီးသန့်ဌားပြီး အိမ်ရာအဝင်အထွက်ကို စောင့်ကြည့်စေပါတယ်။



Nearest amenities – If your area is likely to be safe, there are a variety of shops around your neighborhood like supermarket, banks, restaurants, etc. A lack of supermarket and restaurants could be a sign of a dangerous neighborhood.

ပတ်ဝန်းကျင်စည်ကားမှု - သင့်အိမ်နားဝန်းကျင်က လုံခြုံအေးချမ်းတယ်ဆိုရင် supermarket ၊ ဘဏ်၊ စားသောက်ဆိုင်စတာတွေနဲ့စည်ကားနေမှာ သေချာပါတယ်။ ဆိုင်ခန်းတွေ၊ စားသောက်ဆိုင်တွေမရှိတာက လုံခြုံမှုမရှိတဲ့နေရာဆိုတာကို သိနိုင်ပါတယ်။


There’s no place like home, especially in safe area is vital. Before you move to new neighborhood, you might consider whether the area is safe or not, by analyzing these signs.

လုံခြုံအေးချမ်းတဲ့နေရာမှာရှိတဲ့ အိမ်ဟာ ဘယ်အရာနဲ့မှမတူပါ။ ပတ်ဝန်းကျင်အသစ်ကို မပြောင်းရွှေ့ခင် ဖော်ပြပါအချက်တွေကို ကြည့်ပြီး ထိုနေရာက လုံခြုံမှုရှိ၊မရှိကို ဆုံးဖြတ်နိုင်ပါတယ်။

37 views0 comments

Recent Posts

See All
bottom of page