မိသားစုလိုအပ်ချက်ပြည့်စုံစေဖို့ Yoma Land ရဲ့ထူးခြားဒီဇိုင်းများနဲ့ဆောက်လုပ်မယ့်The Hills@Pun Hlaing
Updated: Oct 2, 2020
The Hills @ Pun Hlaing က စတုရန်းပေ ၉၀၀၀ ကျယ်ဝန်းတဲ့မြေပေါ်မှာ ကြမ်းခင်းစတုရန်းပေ ၄၅၀၀ ရှိပြီး အိပ်ခန်း (၄) ခန်းပါဝင်မှာဖြစ်ပါတယ်။ M.ID Signature ရဲ့ Design Director မမြမဉ္ဇူနှင့် Yoma Land ရဲ့ Design Group ဖြစ်သော SPADPS မှ Design Director မကေခိုင်သက်ထွန်း တို့ ပူးပေါင်းပြီး ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ် ပါတယ်။ The Hills @ Pun Hlaing မှာ မိသားစုဝင်အားလုံးရဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားထားပြီး မိသားစုအပန်းဖြေအနားယူစရာ သာယာတဲ့ရိပ်မွန်ဖြစ်အောင်ဖန်တီးတည်ဆောက်ထားပါတယ်။

The Hills @ Pun Hlaing ရဲ့ ဒီဇိုင်းမှာ မိသားစုဝင်အားလုံးရဲ့ လိုအပ်ချက် နဲ့ကိုက်ညီအောင် ဆောက်လုပ်ထားသည့်အပြင် မိသားစု အပန်းဖြေ အနားယူစရာသာယာတဲ့ ရိပ်မွန်ဖြစ်အောင် တည်ဆောက်ထားပါတယ်။
Yoma Land ၏ အကြီးအကဲဖြစ်သူ Mr. Stephen Purvis မှ ‘လူတွေအိမ်ဝယ်တဲ့အဓိကရည်ရွယ်ချက် (၃)ခုရှိပါတယ်။ ပထမတစ်ချက်က ရင်းနှီးမြှုပ်နံှဖို့ပါ၊ အိမ်ဝယ်ထားပြီး အဲ့အိမ်ကနေ အကျိုးအမြတ် ဘယ်လောက်ပြန်ရနိုင်မလဲစဉ်းစားကာ ကုန်ကျစရိတ်၊ ဝင်ငွေစတာတွေကိုတွက်ပြီး ရင်းနှီးမြှုပ်နှံတာပါ။ ဒုတိယတစ်ချက်က ဈေးကြီးတဲ့ branded designer အိတ်တွေ၊ ကားတွေကို ကြိုက်လို့ဝယ်ထားသလိုမျိုး အိမ်တွေကိုဝယ်ထားတာမျိုး၊ နောက်ဆုံးတချက်ကတော့ လက်ရှိနေတဲ့အိမ်ထက် ပိုပြီးစိတ်ကျေနပ်ဖို့ ကောင်းတဲ့အိမ်ကို တွေ့လို့ဝယ်လိုက်တာမျိုးဆိုပြီး ရှိပါတယ်။’ ဟု ပြောကြားသွားပါတယ်။ The Hills @ Pun Hlaing ကတော့ ဒီအချက်အားလုံးနဲ့ ကိုက်ညီပြီး ဝယ်သူတွေ စိတ်ကျေနပ်မှာ သေချာပါတယ်။
The Hills @ Pun Hlaing က သင့်အနာဂတ်အတွက်သာမက သင့် ပျော်ရွှင်မှုအတွက်ပါ ယုံကြည်စိတ်ချရတဲ့ ရင်းနှီးမြှုပ်နှံမှု ဖြစ်ပါတယ်။ ဒီစီမံကိန်းကို မစခင်မှာ ဝယ်သူတွေနဲ့နာရီပေါင်းများစွာ စကားပြောကာ သူတို့လိုအပ်ချက်တွေကို သေချာလေ့လာပြီးမှ ဒီဇိုင်းဆွဲခဲ့တာဖြစ်ပါ တယ်။
လက်ရှိပန်းလှိုင်အိမ်ရာမှာ နေနေတဲ့ အိမ်ရှင်တွေ၊ ပန်းလှိုင်မှာ အိမ်ဝယ်ဖို့စိတ်ဝင်စားတဲ့လူတွေနဲ့ တစ်နှစ် လောက်သေချာဆွေးနွေးပြီး အသေးစိပ်လိုအပ်ချက်တွေကအစ မေးမြန်းကာ လူလတ်ပိုင်းမိသားစုတွေရဲ့အမြင်၊ လိုအပ်ချက်စတာတွေကို ထည့်သွင်းစဉ်းစားပြီး ဆောက်လုပ်ထားတာဖြစ်ပါတယ်။ လူလတ်ပိုင်းတွေဟာ လူမှုရေး၊ ယဉ်ကျေးမှုအစရှိတာတွေကို အိမ်ဆောက်တဲ့အခါမှာ ထည့်စဉ်းစားလာကြပါတယ်။ တချို့အိမ်တွေမှာ သူတို့လိုအပ်ချက်တွေမပြည့်မှီတဲ့အတွက် အဆင်မပြေတာလေးတွေကြုံတတ်ကြပါတယ်။ The Hills @ Pun Hlaing ကတော့ မိသားစုတွေရဲ့ လိုအပ်ချက်တွေကို အသေးစိပ်စဉ်းစားပြီး ကလေးကနေ အဘိုးအဘွားအထိ အားလုံးနေရတာ အဆင်ပြေအောင် ဆောက်လုပ်ထားပါတယ်။
M.ID Signature ရဲ့ Design Director မမြမဉ္ဇူ က ဒီစီမံကိန်းမှာ အဓိက ပူးပေါင်းပြီး မြန်မာပြည်ရဲ့ ပထမဆုံး IPAX title ကိုရရှိခဲ့တဲ့ ဒီဇိုင်နာဖြစ် တဲ့အပြင် The Hills @ Pun Hlaing ကို California အိမ်အတွင်း၊ အပြင်ပုံစံ ဆောက်လုပ်မှာဖြစ်ပါတယ်။
M.ID Signature ရဲ့တည်ထောင်သူ မမြမဉ္ဇူဟာ Peninsula Residence sales gallery ရဲ့ ဒီဇိုင်းပိုင်းနဲ့ပတ်သက်၍ တာဝန်ယူထားပြီးတော့ သူမရဲ့ဒီဇိုင်းတွေဟာ ထူးခြားဆန်းသစ်ပြီး စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ The Hills @ Pun Hlaing ရဲ့ထူးခြားချက်က စွမ်းအင်ကို၂၀% - ၂၅%ထိ ချွေတာပြီး သဘာဝပတ်ဝန်းကျင်နဲ့ လိုက်လျောညီ ထွေရှိဖို့ ဆန်းသစ်တဲ့ ဆောက်လုပ်ရေးနည်းပညာတွေနဲ့ ဆောက်လုပ်မှာဖြစ်ပါတယ်။
The Hills @ Pun Hlaing
အထပ် (၃) ထပ်ပါဝင်ကာ ထူးခြားလှပတဲ့ အိမ်တွင်းအပြင်အဆင်များနဲ့ မိသားစု ကမ္ဘာလေးဖန်တီးနိုင်ခြင်း
အိပ်ခန်း (၄) ခန်းပါဝင်ပြီး ဝရန်တာမှကြည့်လျှင် ပန်းလှိုင်ဂေါက်ကွင်းနှင့် ရန်ကုန်ရဲ့ လှပတဲ့ ကောင်းကင်ကျယ်ကိုပါ ခံစားနိုင်ခြင်း
မိသားစုရုပ်ရှင်ကြည့်ရန်အခန်း (သို့) ကလေးများကစားနိုင်ရန်အခန်းပါရှိခြင်း
ကျယ်ဝန်းသောမီးဖိုချောင်ပါရှိခြင်း (အပိတ်ပုံစံလိုချင်လျှင်လည်း customised လုပ်ပေးနိုင်ခြင်း)
ထမင်းစားခန်းမှခြံဝန်းမြင်ကွင်းကိုခံစားနိုင်ခြင်း
အိပ်ခန်းတိုင်းတွင်နံရံကပ်ဗီဒိုများတပ်ဆင်ထားခြင်း
master bedroom ရေချိုးခန်းတွင် ကျား/မ သီးသန့်ပါရှိခြင်း
ခြံထဲတွင်မိသားစုအပန်းဖြေရန်နေရာကျယ်သောကြောင့် ရေကူးကန်၊ organic ပန်းခြံငယ်ထားရှိနိုင်ခြင်း (ရေကူးကန်ထည့်လိုလျှင်လည်း ထည့်ပေးနိုင်ခြင်း)
ဖော်ပြပါပုံများအားလုံးသည် သရုပ်ဖော်ပုံများဖြစ်ပြီး အပြင်နှင့် အနည်းငယ်ကွာခြားနိုင်ပါသည်။