top of page
  • Pun Hlaing Estate

Reopening of Country Club Gym



Dear Residents, During this difficult period of confinement, we are mindful of the need by some residents to keep exercising and stay fit. Therefore, we are glad to announce the reopening of the Country Club Gym starting from August 5, 2021 (Thursday) from 7am - 7pm daily, under strengthened rules and management policy. For your health and safety, the facility building is now fully sanitised and all staff will undergo medical screening before coming back to work. To reduce the number of touch points in the gym, please note the following procedures and regulations.

  • Only 2 persons are allowed to use the gym each time. No visitors or/and personal trainers are allowed to enter.

  • All members are required to reserve time slot. Please call (ext. 1514) to make your reservation.

  • Maximum 1.5 hrs (90 minutes) for one time usage.

  • After each use of the gym, our staff will do a deep cleaning of the equipment.

  • Use of showers and lockers is not permitted.

  • Bring your own towels and water as these will not be available at the gym.

  • Wear a mask at all times in the gym. Everyone is required to comply with the regulations.

If you fail to comply with any of the above, you will not be able to continue to use the gym facilities at the Country Club. We believe that it is important to maintain a healthy lifestyle and we will do everything we can to help you achieve this goal in a safe and supportive environment. We look forward to welcoming you back. Thank you. Pun Hlaing Country Club


 

ချစ်ခင်လေးစားရပါသော ပန်းလှိုင်အိမ်ရာဝင်းအတွင်းနေထိုင်သူများ ခင်ဗျာ/ရှင်။ ယခုကဲ့သို့ စိန်ခေါ်မှုများနှင့် နေအိမ်တွင်သာ နေထိုင်နေရချိန်တွင် အိမ်ရာဝန်းအတွင်း နေထိုင်သူများအနေဖြင့် ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ရန် လိုအပ်သည်ကို ကျွန်တော်တို့အနေဖြင့် သိရှိနားလည်ပါသည်။ ထို့ကြောင့် Country Club ၏ အားကစားခန်းမကို တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများဖြင့် ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့ (ကြာသပတေး) နေ့မှစ၍ နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၇ နာရီအထိ ပြန်ဖွင့်သွားမှာဖြစ်ပါသည်။ သင်တို့၏ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအတွက် အားကစားခန်းမ အဆောက်အအုံကို စနစ်တကျ ပိုးသတ်ထားပြီး ဝန်ထမ်းများကိုလည်း လုပ်ငန်းခွင်သို့ မဝင်ခင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်ထားမှာဖြစ်ပါသည်။ အားကစားခန်းမတွင်း ထိတွေ့ကိုင်တွယ်မှုများကို လျော့ချနိုင်ရန် အောက်ဖော်ပြပါ စည်းကမ်းသတ်မှတ်ချက်များကို မဖြစ်မနေလိုက်နာရန် လိုအပ်ပါသည်။

  • အားကစားခန်းမကို လူ ၂ ဦးထက်ပို၍ အသုံးမပြုရ။ ဧည့်သည်များ (နှင့် / သို့မဟုတ်) အားကစားဆရာများကို ဝင်ခွင့်မပြုရ။

  • အားကစားခန်းမ အသုံးပြုလိုသူတိုင်း ခန်းမအသုံးပြုနိုင်မည့်အချိန်အတွက် မဖြစ်မနေ ကြိုတင်စာရင်းပေးသွင်းရန်။ လိုင်းခွဲ ၁၅၁၄ ထံ ခေါ်ဆို၍ ကြိုတင်စာရင်းပေးသွင်းရန်။

  • အားကစားခန်းမကို ကြာချိန် ၁ နာရီခွဲ (မိနစ် ၉ ဝ) ထက်ပို၍ အသုံးမပြုရ။

  • ကြာချိန် ၁ နာရီခွဲ အသုံးပြုပြီးတိုင်း ဝန်ထမ်းများမှ အားကစား စက်ကိရိယာများကို သေချာစွာ ပိုးသတ်သန့်ရှင်းရေးပြုလုပ်ရန်။

  • ရေချိုးခန်းနှင့် အဝတ်လဲခန်းများကို အသုံးပြုခွင့်ပိတ်ထားရန်။

  • အားကစားခန်းမတွင် မျက်နှာသုတ်ပုဝါများနှင့် သောက်ရေသန့်များ ပေးမည်မဟုတ်သဖြင့် မိမိကိုယ်ပိုင် ယူဆောင်လာရန်။

  • အားကစားခန်းမအတွင်း နှာခေါင်း၊ ပါးစပ်စည်းများ အမြဲတပ်ဆင်ထားရန်။

အထက်ဖော်ပြပါ စည်းကမ်းချက်များကို မဖြစ်မနေ လိုက်နာရပါမည်။ ဖော်ပြပါ အချက်များအနက် စည်းကမ်းတခုခုကို ချိုးဖောက်ပါက Country Club အားကစားခန်းမကို ဆက်လက် အသုံးပြုခွင့်ရှိမည်မဟုတ်ပါ။ ကျန်းမာသော နေထိုင်မှုပုံစံကို ဆက်လက်ထိန်းထားရန်မှာ အရေးကြီးသဖြင့် အိမ်ရာဝန်းအတွင်း နေထိုင်သူများ အားကစားလိုက်စားမှုများကို ဘေးကင်းလုံခြုံမှုရှိစွာ ပြုလုပ်နိုင်ရန် ကျွန်တော်တို့မှ အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်ပါသည်။အားလုံးနှင့် မကြာခင်တွင် တွေ့ဆုံသွားပါမည်။ ကျေးဇူးတင်ရှိပါသည်။ Pun Hlaing Country Club

 

17 views0 comments

Recent Posts

See All
bottom of page