top of page
  • uno298

Our Multi-Diverse Culture




There are many ethnic groups in the world in which we live. There are many different ethnic groups living in different cultures. Each ethnic groups have its own set of beliefs, and each groups have its own unique culture and many celebratory celebrations. Myanmar is also a multi-ethnic country. In Myanmar, a multi-ethnic developing country, there are many fun and multi-ethnic festivals that come from different religions.


ကျွန်ုပ်တို့မှီတင်းနေထိုင်ကြသောကမ္ဘာပေါ်တွင် လူမျိုးစုပေါင်းများစွာမှီတင်းနေထိုင်လျက်ရှိကြပါတယ်။ လူမျိုးစုပေါင်းများစွာနေထိုင်ကြသည်နှင့်အညီ ယင်းလူမျိုးစုများ၏မတူကွဲပြားသည့် ဓလေ့ထုံးတမ်းများနှင့် ယဥ်ကျေးမှုများစွာလည်းရှိကြပါတယ်။ လူမျိုးစုတစ်ခုချင်းစီတွင် မတူညီသည့်ကိုးကွယ်ယုံကြည်မှုများရှိသည်နှင့်အညီ လူမျိုးစုတစ်ခုခြင်းစီတွင် ထူးခြားသည့်ယဥ်ကျေးမှုများစွာရှိပြီး ပျော်ရွှင်စရာကောင်းစွာကျင်းပသည့် အထင်ကရပွဲတော်များစွာရှိကြပါတယ်။ ထို့အတူမြန်မာနိုင်ငံတွင် မတူညီသည့်နိုင်ငံမျိုးစုံမှ နိုင်ငံသားပေါင်းစုံ ပေါင်းစပ်နေထိုင်ကြသည့် နိုင်ငံတစ်ခုလည်းဖြစ်ပေသည်။ နိုင်ငံသားပေါင်းစုံလာရောက်နေထိုင်ကြသည့် ဖွံဖြိုးဆဲနိုင်ငံဖြစ်သောြမန်မာနိုင်ငံတွင် မတူညီသည့်ကိုးကွယ်ယုံကြည်မှုများမှဆင်းသက်လာသည့် ပျော်ရွှင်ဖွယ်ကောင်းပြီး လူမျိုးပေါင်းစုံပါဝင်ဆင်နွဲနိုင်သော ပွဲတော်များစွာလည်းရှိနေပြန်ပါသည်။





In Myanmar, China; Korea Japan Swiss and American citizens also come to live for work or travel. As such a country is inhabited by different nationalities, it is also a lovely tradition for another citizen to respect and participate in the culture of another citizen. Religion, especially in Myanmar, is based on Buddhism, Hindu, Islam and Christianity are the main religions. The traditional Chinese New Year is also celebrated by various ethnic groups and religions in Myanmar, and on Christmas Day, the holy day of Christianity, the participation of various ethnic groups and the majority of Burmese people can be seen in the emergence of free religion and humane practices in Burma.


မြန်မာနိုင်ငံတွင် တရုတ်၊ ကိုရီးယား၊ ဂျပန်၊ ဆွစ်စလန်နှင့် အမေရိကန်နိုင်ငံသားများသည် အလုပ်ကြောင့်ဖြစ်စေ ခရီးသွားရောက်လည်ပတ်ခြင်းကြောင့်ဖြစ်စေ လာရောက်နေထိုင်ကြသည်ကိုလည်းတွေ့ရပါသည်။ ထိုသို့သောမတူညီသည့်နိုင်ငံသားများနေထိုင်သည့်နိုင်ငံတစ်ခုဖြစ်သည်နှင့်အညီ နိုင်ငံသားတစ်ဦး၏ယဥ်ကျေးမှုကို အခြားနိုင်ငံသားတစ်ဦးက လေးစားပြီးပါ၀င်ဆင်နွဲလေ့ရှိသည်မှာလည်း ချစ်စရာကောင်းသော ဓလေ့တစ်ခုဖြစ်ပါတယ်။ အထူးသဖြင့်မြန်မာနိုင်ငံတွင် ကိုးကွယ်ယုံကြည်မှုအနေဖြင့် ဗုဒ္ဓဘာသာ၊ ဟိဒ္ဓူဘာသာ၊ အစ္စလာမ်ဘာသာနှင့် ခရစ်ဘာသာကို အများအားဖြင့် ကိုးကွယ်ယုံကြည်ကြပါသည်။ တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော်တွင်လည်းမြန်မာနိုင်ငံရှိ လူမျိုးစုအသီးသီးနှင့် အခြားဘာသာ၀င်များက ပါ၀င်ဆင်နွဲကြပြီး ခရစ်ယာန်ဘာသာ၏အထွန်အမြတ်နေ့ထူးဖြစ်သည့် ခရစ်စမတ်နေ့တွင်လည်း လူမျိုးစုအသီးသီးနှင့် မြန်မာနိုင်ငံသားအများစုက ပါဝင်ဆင်နွဲခြင်းကို တွေ့ရခြင်းသည် မြန်မာနိုင်ငံတွင် လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုနှင့် လူသားဆန်စွာတစ်ဦးကို တစ်ဦးဖေးမတတ်သည့် ကောင်းမွန်သည့်အလေ့အကျင့်များထွန်းကားနေသည်ကို တွေ့မြင်နိုင်မှာြဖစ်ပါတယ်။




Every year in Myanmar, there is a festival that is enjoyed by all children and adults of all faiths and ethnicities. This festival is the Thingyan Festival. The Thingyan Festival is held in April every year and lasts for four or five days. The seasonal flowers of the Thingyan festival are Padauk flower and Ngu War flower, which are more popular in Padauk flower and are often referred to as Thingyan flower.

The Thingyan festival is open to all ethnic groups and citizens of Myanmar. The uniqueness of Thingyan's festival is that it is a fun festival to increase the number of friends and make new friends by sprinkling water on each other. We would like to invite all international friends to visit Myanmar to participate in this fun festival, which is usually held in Myanmar for four or five days.


မြန်မာနိုင်ငံတွင် နှစ်စဥ်နှစ်တိုင်း ဘာသာအသီးသီးနှင့် လူမျိုးစုအသီးသီးပါမကျန် ကလေး၊လူကြီးအားလုံးပျော်ရွှင်စွာပါဝင်ကျင်းပသည့်ပွဲတော်တစ်ခုရှိပါသည်။ ၎င်းပွဲတော်မှာ မဟာသင်္ကြန်ပွဲတော်ပဲဖြစ်ပါတယ်။ မဟာသင်္ကြန်ဲတော်ကို နှစ်စဥ်ဧပြီလတွင်ကျင်းပလေ့ရှိပြီး ပွဲတော်ရက်မှာ လေးရက် (သို့) ငါးရက်တာကာလကြာြမင့်မှာြဖစ်ပါသည်။ သင်္ကြန်ပွဲတော်၏ ရာသီပန်းမှာ ပိတောက်ပန်းနှင့် ငုဝါပန်းဖြစ်ပြီး ပိတောက်ပန်းမှာ ပိုမိုလူသိများပြီး သင်္ကြန်ပန်းလို့တောင်တင်စားခေါ်ဝေါ်လေ့ရှိကြပါတယ်။


သင်္ကြန်ပွဲတော်ကိုမြန်မာနိုင်ငံရှိ လူမျိုးအသီးသီးနှင့် နိုင်ငံသားအသီးသီးကပါဝင်ဆင်နွဲနိုင်ပြီး သင်္ကြန်ပွဲ‌တော်၏ထူခြားချက်မှာ လူတစ်ဦးနှင့်တစ်ဦးရေဖြင့် ပက်ဖြန်းပြီးပါဝင်ဆင်နွဲရခြင်းဖြစ်သဖြင့် ရင်နှီးမှုတိုးပွားလာစေကာ မိတ်တွေအသစ်များတိုးပွာပြီး ပျော်စရာကောင်းတဲ့ပွဲတော်တစ်ခုလည်းဖြစ်ပါသည်။ ဒီလိုပျော်စရာကောင်းတဲ့ပွဲတော်တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံတွင်ပဲ လေးရက် (သို့) ငါးရက်တာကာလကျင်းပလေ့ရှိသည့် ပွဲတော်တွင်ပါ၀င်ဆင်နွဲနိုင်ရန်အတွက် နိုင်ငံတကာမှမိတ်ဆွေ အားလုံးကိုလည်း မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ကြဖို့ဖိတ်ခေါ်ချင်ပါသည်။

16 views0 comments

Recent Posts

See All
bottom of page