မိသားစုဝင်အားလုံးအတွက် သာယာလုံခြုံအေးချမ်းပြီး လှပတဲ့ ပန်းလှိုင်ကအိမ်ရာ

လေးစားရပါသော လူကြီးမင်းရှင်။

နှစ်ပေါင်း (၂၀) ကျော်တိုင်အောင် Yoma Land ရဲ့ customer တိုင်းကို မိသားစုကဲ့သို့ သဘောထားခဲ့ပြီး ယခုကဲ့သို့ ခက်ခဲသော အချိန်များတွင်လည်း ပို၍တန်ဖိုးထားပါသည်။


ဇန်နဝါရီလမှစတင်ကာ ပန်းလှိုင်အိမ်ရာအတွက် COVID-19 ကာကွယ်တုံ့ပြန်ရေးအဖွဲ့ တစ်ခုဖွဲ့ပြီး အစိုးရ ထုတ်ပြန်ကြေငြာချက်များအတိုင်းလိုက်နာရန် ကြိုးပမ်းခဲ့ကြပါတယ်။ ထိုအဖွဲ့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အိမ်ရာတွင်းနေထိုင်သူများနှင့် ဝန်ထမ်းများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် ဘေးကင်းစိတ်ချရသော ဝန်ဆောင်မှု ပေးနိုင်ရေးတို့ ဖြစ်ပါတယ်။

COVID-19 ကာကွယ်တုံ့ပြန်ရေးအဖွဲ့ရဲ့လုပ်ဆောင်ချက်တချို့မှာ-

- Country Club နှင့် Golf Club ကို လုံခြုံဘေးကင်းစေအောင် စီစဉ်ဆောင်ရွက်ခဲ့တဲ့အတွက် အိမ်ရာတွင်း နေထိုင်သူတွေနှင့် ဝန်ထမ်းတွေဟာ စိတ်အေးချမ်းသာစွာ အသုံးပြုနိုင်ခြင်း။

- အိမ်ရာတွင်းနေထိုင်သူတွေနှင့် ဝန်ထမ်းတွေကို ကြိုတင်ကာကွယ်ရေးလုပ်ဆောင်ချက်များ၊ သတင်းအချက် အလက်များကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေငြာခဲ့ခြင်း

- ကိုယ်အပူချိန်တိုင်းတာခြင်းကို အိမ်ရာဝင်းအတွင်းရှိ လိုအပ်သောနေရာတိုင်းတွင် လုပ်ဆောင်စေခဲ့ခြင်း အစရှိ သည်တို့ကို လုပ်ဆောင်ခဲ့ပါတယ်။

အိမ်ရာတွင်းနေထိုင်သူများနှင့် ဝန်ထမ်းများ ဘေးကင်းလုံခြုံရေးအတွက် ထားရှိတဲ့စိတ်စေတနာမှာ မည်သို့မျှ ပြောင်းလဲမည်မဟုတ်ပါ။ ပန်းလှိုင်အိမ်ရာရှိ နေထိုင်သူများ၏ အကြိုက်များကို တစ်နှစ်လောက်အချိန်ယူ လေ့လာပြီးတဲ့အခါမှာ -

- လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ဖြစ်ရန်

- လူနေထူထပ်မှု နည်းနိုင်သမျှနည်းရန်

- သဘာဝအလှကို ခံစားနိုင်ပြီး လေကောင်းလေသန့်ရှုနိုင်ရန်

- အိမ်ထဲမဝင်မီ လက်၊ ဖိနပ်၊ ပစ္စည်းများဆေးကြောသန့်စင်ဖို့ နေရာသီးသန့်ရှိရန် အစရှိသည့်အချက်များ ထည့်သွင်းစဉ်းစားလာကြတာကို တွေ့ရပါတယ်။

ထိုအချက်တွေကို ထည့်သွင်းစဉ်းစားပြီး ဆောက်လုပ်မယ့် The Hills @ Pun Hlaing စီမံကိန်းသစ်ဟာ Yoma Land နှင့် M.ID Signature ရဲ့တည်ထောင်သူ မမြမဉ္ဇူတို့ ပူးပေါင်းဒီဇိုင်းရေးဆွဲကာ ဆောက်လုပ်မှာဖြစ်ပါတယ်။ မမြမဉ္ဇူရဲ့ အိမ်ပုံစံတွေဟာ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ဆန်းသစ်တဲ့ အိမ်အပြင်အဆင်တွေနဲ့ နေထိုင်လို သူတွေအတွက် စိတ်ကျေနပ်စေမှာ သေချာပါတယ်။


မိသားစုအားလုံး နေကောင်းကျန်းမာနေစေဖို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။


ကျွန်မတို့ရဲ့ The Hills @ Pun Hlaing စီမံကိန်းသစ်အကြောင်းကို အသေးစိပ်သိရှိလိုပါက အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။


ဆုမွန်ကောင်းတောင်းလျက်


စီမံခန့်ခွဲရေး

Pun Hlaing Estate


© 2020 by Pun Hlaing Estate. All Rights Reserved.

Subscribe to newsletter

  • Facebook
  • YouTube
  • Instagram